အင်္ဂလီကန် ဝတ်ပြုဆုတောင်းအသင်း အထွေထွေအတွင်းရေးမှူးထံမှ မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် သတင်းလွှာ

၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက် 

မြန်မာနိုင်ငံတွင် ဆက်လက်ပေါ်ထွန်းလာနေသော လက်ရှိအခြေအနေရပ်ကို တုံ့ပြန်သည့်အနေဖြင့် အင်္ဂလီကန် ဝတ်ပြုဆုတောင်းအသင်း အထွေထွေအတွင်းရေးမှူး ဂိုဏ်းချုပ် ဘုန်းတော်ကြီး Josiah Idowu-Fearon - နိုင်ငံပေါင်း ၁၆၅ နိုင်ငံရှိ နိုင်ငံတော် နှင့် ဒေသဆိုင်ရာ ဘုရားရှိခိုးချောင်း ၄၁ ကျောင်းပါဝင်သည့် မိသားစု- မှ မြန်မာပြည်သူပြည်သူများအတွက် မျှော်လင့်ချက် သတင်းလွှာတစ်စောင်ကို ထုတ်ပြန်လိုက်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်များအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများအတွက် ဆုတောင်းမေတ္တာ ပို့သရန် နှိုးဆော်လိုက်ပါသည်။

သိက္ခာတော်ရ ဘုန်းတော်ကြီး Dr Josiah Idowu-Fearon က အောက်ပါအတိုင်း မြွက်ဆိုလိုက်ပါသည် -

“ရှင်သန်ထမြောက်တဲ့နေ့ (အီစတာနေ့) မှာ သေလွန်မှုအပေါ် ရှင်သန်မှုရဲ့ အောင်မြင်ခြင်းကို ကျွန်တော်တို့ အောင်ပွဲခံဆင်နွှဲကြပါတယ်။ သခင်ယေရှု ပြန်လည်ထမြောက်ခြင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်တုန်းက ကမ္ဘာကြီးအတွက် သတင်းကောင်းဖြစ်ခဲ့ပြီး ဒါက ၂၀၂၁ ခုနှစ် အထိ ကမ္ဘာကြီးအတွက် သတင်းကောင်း ဖြစ်နေတုန်းပါပဲ။”

“ဒီနေ့မှာ ကမ္ဘာတစ်ဝှမ်း ဒီအဆုံးသတ်သတင်းကောင်း အဖြစ်အပျက်ကို ဆင်နွှဲကြသလို နေရာတိုင်းမှာရှိတဲ့ ခရစ်ယာန်များအနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူပြည်သားအားလုံးအတွက် - အသိဉာဏ်အမြော်အမြင်က အနိုင်ရပြီး တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပြန်လည်ပေါ်ထွန်းလာပါစေလို့ ဆုတောင်းပေးကြဖို့ ကျွန်တော် နှိုးဆော်ပါတယ်။”

“ဒါ့အပြင် မြန်မာပြည်သူပြည်သားတွေကိုလည်း သင်တို့တွေ အထီးတည်း ဖြစ်မနေပါဘူးလို့ ဆိုချင်ပါတယ်။ သင်တို့ကို လျစ်လျူရှုမထားပါဘူး။ ဒီလိုအခြေအနေဖြစ်ရပ်တွေ ပေါ်ထွန်းလာတာကို ကမ္ဘာကြီးက စောင့်ကြည့်နေပြီး ရေရှည်တည်တံ့နိုင်မယ့် ဖြေရှင်းချက်တစ်ခုကို ရှာဖွေတွေ့ရှိပြီး အားလုံးအတွက် ငြိမ်းချမ်းမှုကို ပြန်လည်ဆောင်ယူလာပါစေလို့ ကျွန်တော်တို့တွေ ဆုတောင်းနေပါတယ်။”

အဆုံးသတ်

မှတ်ချက် - ဂိုဏ်းချုပ်ဘုန်းတော်ကြီး Josiah Idowu-Fearon သည် အင်္ဂလီကန် ဝတ်ပြုဆုတောင်းအသင်း၏ အထွေထွေ အတွင်းရေးမှူး ရာထူးအပြင် နိုင်ဂျီးရီးယားနိုင်ငံရှိ နိုင်ငံတော် ကာဒူနာ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်သာမက ကော်မရှင်၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် ရှင်သန်ထမြောက်သည့်နေ့ (အီစတာနေ့) ကို ကာဒူနာတွင် ဆင်နွှဲပါမည်။

မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူပြည်သားများအတွက် ဆုတောင်း

အထက်နိဗ္ဗာန် နှင့် ကမ္ဘာမြေကြီးကို အစိုးရသော အရှင်မြတ်၊
အရှင့်သားတော် ယေရှုခရစ်တော်ကို သေရာမှ ပြန်လည်ထမြောက်စေသည့်အတွက်
နှင့် ယေရှုမှ ကျွန်ုပ်တို့အားလုံးအတွက် ပေးသနားသော အဆုံးမဲ့ ချစ်မေတ္တာအတွက်
အရှင့်အား ကျွန်ုပ်တို့ ကျေးဇူးတင် ချီးမြှောက်ပါသည်။
မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူပြည်သားများအတွက် ရှင်သန်ထမြောက်စေဖို့ ကျွန်တော်မျိုးတို့ ဆုတောင်းပြီး ပေးသနားတော်မူပါ၊ ဝမ်းနည်းပူဆွေးမှုမှသည် ပျော်ရွှင်ဝမ်းမြောက်မှုသို့ ပြောင်းလဲနိုင်ပါစေ၊
ကျူးကျော်ရန်လိုခြင်းမှ ချစ်ကြည်ရင်းနှီးမှုသို့ ပြောင်းလဲနိုင်ပါစေ၊
စိတ်ပျက်အားငယ်မှုမှ မျှော်လင့်အားတက်ဖွယ်သို့ ပြောင်းလဲနိုင်ပါစေ၊
လူသားအပေါင်း ပြန်လည်သင့်မြတ်နိုင်ပါစေ။
သင် နှင့် ဝိဉာဉ်တော်တို့နှင့်အတူ ရှင်သန်နေထိုင်ပြီး ကြီးစိုးသော
ပြန်လည်ထမြောက်သည့် ယေရှုအမည်နာမတော်ဖြင့် ကျွန်ုပ်တို့ တောင်းဆိုပါ၏၊
ယခု နှင့် နောင်အဆက်ဆက် ဘုရားရှင်တစ်ပါးတည်းသာရှိတော်မူ၏။ အာမင်။