အင်္ဂလီကန်အသင်းတော်များအဖွဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် အင်တိုနီ ပေါ်ဂိုထံမှ ကြိုဆိုနှုတ်ခွန်းဆက် သတင်းစကား

Bishops Sarah Mullally And Anthony Poggo 1920x 1080

ကန်တာဘာရီ၏ ၁၀၆ ပါးမြောက် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရွေးကောက်ပွဲအတွက် The Rt Revd and Rt Hon အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး Sarah Mullally DBE အား ခန့်အပ်ထားရန်အဆိုပြုခြင်းကို အရှင်ဘုရင်မင်းမြတ်မှ သဘောတူခဲ့သည့်အတွက် ကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရပါသည်။

ဤအရေးကြီးသည့် အမှုတော်မြတ်အား တာဝန်လွဲပြောင်းယူရန် ပြင်ဆင်နေသည့် ဂိုဏ်းချုပ်ဘုန်းတော်ကြီး အလောင်းလျာအတွက် ဆုတောင်းပေးရန် ကမ္ဘာတစ်ဝှမ်းရှိ အင်္ဂလီကန် သဟာယမှ အသင်းတော်များအား ကျွန်ုပ် ဖိတ်ခေါ် အပ်ပါသည်။

'ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သစ္စာရှိသောအစေခံများအဖြစ် ပုံစံအမျိုးမျိုးဖြင့် သူတစ်ပါးကို အစေခံရန်' ကျွန်ုပ်တို့ရရှိထားသော ဆုကျေးဇူးများကို အသုံးပြုရန် ရှင်ပေတရု ဩဝါဒစာ ပထမစာစောင်က ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ အင်္ဂလီကန် သဟယ၌ အမျိုးမျိုးအထွေထွေ အစေခံနေသောသူမ၊ ဂိုဏ်းချုပ်ဘုန်းတော်ကြီး အလောင်းလျာအတွက် ဤစကားလုံးများက လမ်းညွှန်မှုဖြစ်စေသားဟု ကျွန်ုပ် ဆုတောင်းပါသည်။

ကမ္ဘာနှင့်အဝှမ်း၊ နက်ရှိုင်းလှသည့်ခင်မင်မှုသံယောဇဉ်နှောင်ဖွဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြင့် အင်္ဂလီကန်အသင်းတော်များသည် ဧဝံဂေလိသတင်းကောင်း၏ မျှော်လင့်ခြင်းကို ဝေမျှနေပြီး လူသားတို့၏ကောင်းကျိုးအတွက် လုပ်ဆောင်နေကြပါသည်။

တစ်ကမ္ဘာလုံးရှိ အသင်းတော်များစွာတို့မှာ သူတို့အပေါ် ပြင်းစွာ သက်ရောက်မှုရှိသည့် ပြဿနာများဖြစ်သော စစ်ပွဲ၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှုနှင့်  တရားမမျှတမှုတို့ စသည့် ခက်ခဲသည့်အခြေအနေများကြား၌ လုပ်ငန်း ဆောင်ရွက်နေကြပါသည်။

နေရာအချို့တို့တွင် ကျွန်ုပ်တို့ အင်္ဂလီကန် သဟယ၏ နှောင်ဖွဲ့မှုမှာ ပြတ်လုဆဲဆဲ တင်းမာမှုများ ရှိနေသည်။ ကျွန်ုပ်တို့၏အသင်းတော်များကြား သဘောထားချင်းမတိုက်ဆိုင် မှုနှင့် စည်းလုံးညီညွတ်မှုတို့မရှိခြင်း စသည့် ဘုရားသခင်၏ကုစားမှုကို လိုအပ်နေသည့် အပိုင်းကဏ္ဍများရှိနေသည်။

သူမသည် အဖွဲ့ဝင်အသင်းတော်များအား နားထောင်ပေးခြင်း၊ အပြန်အလှန်ဖေးမကူညီမှုကို တိုက်တွန်းအားပေးခြင်း၊ စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်ပေးသည့်အလျောက် ဤအမှုအရာများအားလုံး၌ ဘုရားသခင်သည် ဂိုဏ်းချုပ်ဘုန်းတော်ကြီးအလောင်းလျာအား ဥာဏ်ပညာ နှင့်  အမြော်အမြင်တို့ကို ပေးသနားတော်မူပါစေသော။

အဖွဲ့ဝင်အသင်းတော်များ၊ ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအစည်းအဝေး၊ အင်္ဂလီကန် အကြံပေးကောင်စီနှင့် Lambeth Conference ကဲ့သို့သော အင်္ဂလီကန် သဟာယ၏ အခြားတန်ဆာပလာများတို့၌ သူမ အမှုတော်ဆောင်နေသည့်အလျောက် အင်္ဂလီကန် သဟာယဖွဲ့၏ တရားဝင် အတွင်းရေးမှူးအနေနှင့် အင်္ဂလီကန် သဟာယရုံးသည် ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ အမှုတော် လုပ်ငန်းအား ထောက်ခံအားပေးရန် အပြည့်အဝ ဆက်ကပ်အပ်နှံထားပါသည်။

ဘုရားသခင်သည် အင်္ဂလီကန် သဟာယအပေါ်သို့ သူ၏ဝိညာဉ်တော်အား သွန်းလောင်းပေးရန်၊ ခရစ်တော်၏ အသက်တာကို ပြောင်းလဲနိုင်စွမ်းသော ချစ်ခြင်းမေတ္တာ တော်အား ရဲရင့်စွာဝေမျှရန်၊ ဘုရားသခင့်အသင်းတော်များ၏ စည်းလုံးညီညွတ်မှုအား အပြည့် အဝ မြင်တွေ့ရအောင် တက်ကြွစွာရှေ့ဆက်လုပ်ဆောင်ရန် ကျွန်ုပ်တို့ အတူတကွ ဆုတောင်း ကြပါစို့။